Posts

Showing posts from August, 2022

358.ကိုယ်တော်ကိုကျေးဇူးတင်တယ်

  ကိုယ်တော်ကိုကျေးဇူးတင်တယ် V1. ဝမ်းနည်းခြင်းတွေရဲ့လှိုင်းတံပိုးတွေကြား ကူးခတ်ရင်းနဲ့မျောလွှင့်ကာ       ကျွန်ုပ်ရဲ့အသက်တာ စိတ်ပျက်ခြင်းတွေနဲ့ ဝမ်းနည်းခြင်းအလယ်       အနားနားမှာဘယ်သူမှမရှိတော့ဘူး V2. ထိုစဉ်မှာ ကျွန်ုပ်ရဲ့အနားမှာအမြဲ စွန့်ပစ်မသွားပါဘူး       ပေးထားတဲ့ ( ဆုကျေးဇူး )       သူ့ရဲ့ကတိတော်စိတ်ပျက်ခြင်းတွေနဲ့ကြုံလည်း မမှုတော့ပါ       ကိုယ်တော်အနားမှာ ရှိပေးခဲ့ Cho. ( ကိုယ်တော်ကိုကျေးဇူးတင်တယ် )၂         ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရလည်းလေ         သူလေကျွန်ုပ်ကိုပစ်မထားဘူး         ( ကိုယ်တော်ကိုကျေးဇူးတင်တယ် )၂         ဘယ်လိုအခက်အခဲတွေကြုံနေရလည်းလေ         သူလေကျွန်ုပ်ကိုပစ်မသွားဘူး ( ကျေးဇူးတင်တယ် )

357.အရာရာ

      အရာရာ   V1. ကျွန်ုပ်၏အားလုံးပိုင်ရှင် ကျွန်ုပ်အားရွေးနှုတ်ကယ်တင်          ထာဝရငရဲမှ v2. သူ့ရဲ့အသက်နဲ့ရှင်စေ ဖြောင့်မတ်ခြင်း၌တည်စေ          မစုံလင်ကျွန်ုပ်အား pre. မြေမှုန့်ထဲမှ ကျွန်ုပ်အားရွေးနှုတ်သူ          အရာရာအားလုံး သခင်ဘုရားကြောင့်ဖြစ်တည် ပိုင်ဆိုင်ထားသမျှ Cho. အရာရာကိုယ်တော်ထဲမှ အရာရာကိုယ်တော်ကြောင့်သာ          အရာရာ ကိုယ်တော့်ဘုန်းအတွက်ဘဲဖြစ်စေပါ          ကျွန်ုပ်စိတ် ခန္ဓာဝိညာဉ် ရှိရှိသမျှ ကိုယ်တော်အတွက်သာ          အရာရာ ကိုယ်တော်ဘုန်းအတွက်ဘဲဖြစ်စေပါ...

356.အကောင်းမြတ်ဆုံးယေရှု

                 အကောင်းမြတ်ဆုံးယေရှု V1. မဖြစ်နိုင်သောအရာများ မဖြစ်နိုင်သောအချိန်တိုင်းပင်          ဖြစ်စေသောဘုရား ကျွန်ုပ်ကိုးကွယ် V2. မလုပ်နိုင်သောအရာများ မတတ်နိုင်သောအရာများ          ဖြစ်စေသောဘုရား ကျွန်ုပ်ကိုးကွယ် Pre. အားငယ်သောသူများ လဲနေသောသူများ          ဖေးမပေးသူဘုရား ကျွန်ုပ်ကိုးကွယ် Cho. အရာရာတိုင်းတတ်နိုင်တယ် အရာရာတိုင်းလုပ်နိုင်တယ်          အရာရာအကုန်လုံး ဖန်ဆင်း၍ပိုင်သသူ          အရာရာထက်ချီးမြှောက်မည် ကိုယ်တော်အမြဲကောင်းမြတ်တယ်          အချိန်နာရီတိုင်း ချီးမွမ်းကိုးကွယ်မယ် အကောင်းမြတ်ဆုံးယေရှု

355.ဆွဲခေါ်မူပါ

                              ဆွဲခေါ်မူပါ တေးရေး - စောတူတူ‌ ‌‌လေး V1. အရာရာထက် တတ်စွမ်းနိုင်သောသခင် လိုတာထက် ပြည့်စုံသောသခင် အခြေအနေထက်မှာ ရှိနေသောသခင် ကိုယ်တော်အား ကိုးကွယ် Cho/ ကိုယ်တော်ရဲ့နှလုံးသားထဲ တိုးဝင်ဖို့ကျွန်ုပ်ခေါ်သံ ကိုယ်တော်ကြား  ( နားညောင်းမူပါ ) ကိုယ်တော်ရဲ့မျက်မှောက်တော်ထဲ ကျွန်ုပ်ရောက်ရှိစေဖို့ ကိုယ်တော်သာ ဆွဲခေါ်မူပါ Pre/ ( ကိုယ်တော်ရဲ့ သန့်ရှင်းသောမျက်မှောက်တော်ထဲ ကိုယ်တော်ရဲ့ အနှိုင်းမဲ့အချစ်စစ်တွေနဲ့ ကျွန်ုပ်အား ထွေးပွေ့ပါ )4

354.လိုအင်

                                          လိုအင် V1. အမြဲတမ်းဘဲ တမ်းတမိတယ် နှလုံးသားထဲ တောင်းတမိတယ် အနွေးထွေးဆုံးသူ့ရဲ့ အကြင်နာ အချစ်တွေ မပြောင်းလဲဘဲ စီးဆင်းဆဲပါ ဘဝတစ်ခုအတွက်အသင့်ရှိဆဲပါ အနှိုင်းမဲ့တဲ့ သူ့ရဲ့အကြင်နာမေတ္တာ   Cho. ဘဝမှာမရှိမဖြစ်ပါ သူ့ရဲ့အချစ်တွေ မရှိမဖြစ်ပါ သူ့အချစ်ကြောင့်သာ ကျွန်ုပ်ဘဝဖြစ်တည် ကျွန်ုပ်ဘဝအသက်ရှင် အနှိုင်းမဲ့သောချစ်ခြင်းနဲ့ ဘဝကိုနေ့ရက်တိုင်း ပဲ့ကိုင်ပေး နွေးထွေးမှုများသာပေး လောကကြီးရဲ့အကောင်းဆုံးအရာထက် လိုအင်တွေဟာ ယေရှုရဲ့အချစ်တစ်ခုသာ   ( ယေရှုရဲ့အချစ် ယေရှုရဲ့အချစ် ယေရှုရဲ့အချစ် ယေရှုရဲ့အချစ် ယေရှုရဲ့အချစ် ယေရှုရဲ့အချစ် ယေရှုရဲ့အချစ် ယေရှုရဲ့အချစ် )၂