Posts

Showing posts from July, 2022

352.ကျွန်ုပ်အတွက်လိုချင်

                         ကျွန်ုပ်အတွက်လိုချင် V1. သက္ကရာဇ်များစွာကုန်ဆုံးပြီ နေ့ရက်များစွာထဲ ကျွန်ုပ်ဘဝအသက်တာထဲမှာ ဘာမှအဓိပ္ပါယ်မရှိဘူး နေအောက်၌ကြိုးစားသမျှဟာ မျှော်လင့်ချက်မရှိ စိတ်ပျက်ခြင်းတွေ တဖန်ပြန်ရရှိ V2. လက်နှစ်ဖက်ပြည့်စုံတဲ့စည်းစိမ် များပြားလွန်းနေလဲ အနတ္တသဘောဘာဘဲလေ ဘာမှအဓိပ္ပါယ်မရှိဘူး နက်နဲသောနှုတ်ထွက်စကားတော် ကိုယ်တော်ရဲ့အချစ် ကိုယ်တော့်ရဲ့ မေတ္တာ အလုံခြုံဆုံးပါ Cho. အလိုချင်ဆုံး တောင်းတဆုံးက ကိုယ်တော့်ရဲ့စကားသံ အနေချင်ဆုံးရှိချင်ဆုံးက ကိုယ်တော့်ထံပါးမှာ ကိုယ်တော်ရဲ့ အနှိုင်းမဲ့အချစ်နဲ့ လွှမ်းခြုံကာ ကွယ်ကာပေးပါ… အလိုချင်ဆုံး တောင်းတဆုံးက ကိုယ်တော့်ရဲ့စကားသံ အနေချင်ဆုံးရှိချင်ဆုံးက ကိုယ်တော့်ထံပါးမှာ ချိုးဖဲ့လွန်းသောစိတ်နဲ့ တောင်းတရင်းနဲ့ ဟစ်ခေါ်နေမည် ကျွန်ုပ်အတွက်လိုချင်