Posts

Showing posts from March, 2022

350.ကိုယ်တော့်ရဲ့အိမ်

 ကိုယ်တော့်ရဲ့အိမ်  ( SawTuTuLay ) V1. မေတ္တာတရားတွေပြည့်ဝနေတဲ့အိမ် နွေးထွေးမှုတွေလွှမ်းခြုံးထားသောအိမ်         ကောင်းမြတ်ခြင်းတွေပြည့်လျှံနေတဲ့အိမ် ဘုရားသားသမီးတွေဆုတောင်းချီးမွမ်းသောအိမ် ဤအိမ် ... V2. လွှတ်မြောက်ခြင်းတွေစီးဆင်းနေတဲ့အိမ် ဝမ်းမြောက်ခြင်းတွေတိုးဝင်နေသောအိမ်         ငြိမ်သက်ခြင်းတွေ ပြည့်စုံနေတဲ့အိမ် ဘုရားသားသမီးတွေဆုတောင်းချီးမွမ်းသောအိမ် ဤအိမ် ... Cho. မကြုံချင်လဲ ကြုံဆုံရတဲ့ပြဿနာတွေ မမြင်နိုင်အောင်ဖုံးကွယ်ထားတဲ့ မာနတရားတွေ           ဤအိမ်မှာ သက်ရောက်နေခဲ့ရင် ကူညီကာလမ်းပြပါ            ကိုယ်တော်ရှင်ကွယ်ကာစောင့်ရှောက်သောအိမ် ကိုယ်တော်ရှင်ကြိမ်းဝပ်နေသောအိမ်           ဤအိမ်ဟာ ကိုယ်တော်ရဲ့မိသားစုအိမ် ...............

351.သစ္စာရှိသောဘဏ္ဍာ

  သစ္စာရှိသောဘဏ္ဍာ  ( SawTuTuLay ) V1. ကိုယ့်မှာရှိတဲ့အရာ ဘုရားသခင်ထံပေးထားတာ နှလုံးသားထဲကဖြစ်တည်လာသောအရာ         သစ္စာရှိအမြဲသာ ဆယ်ဖို့တစ်ဖို့အား ဘုရားခင်ထံကို ကျွန်ုပ်ပေးထားတာ Cho. ကောင်းကင်ဘဏ္ဍာအား ကျွန်ုပ်မျှော်ကြည့်လိုက်ပါသည်           ဘုရားသခင်ပေးမည့်အရာများ ပြည့်လျှံနေခဲ့သည်           ကောင်းကြီးမင်္ဂလာများ ကျွန်ုပ်ရရှိခဲ့သည် သစ္စာရှိသောငယ်သားကောင်းဆုပါ ... V2. ကိုယ့်မှာရှိတဲ့အခါ အနည်းငယ်သောအရာ ကိုယ်တော်ထံဆပ်ကပ်ပူဇော်ရင်         ဘုရားသခင်ပြန်ပေးမယ့်အရာ ကျွန်ုပ်တို့ဘဝထဲမှာ ပြည့်လျှံနေမယ့်ကောင်းကြီးမင်္ဂလာ ...